စက်တင်ဘာ ၄
ဗီယက်နမ်နိုင်ငံ ဩဂုတ်လ ၃၁ ရက်မှ စက်တင်ဘာ ၃ ရက်နေ့အထိ အမျိုးသားအားလပ်ရက် လေးရက်တာကာလအတွင်း ပြည်တွင်း/ပြည်ပခရီးသွား သုံးသန်းကျော် ဝင်ရောက်မှုရှိရာ လွန်ခဲ့သောနှစ်က ပြည်တွင်း/ ပြည်ပခရီးသွားဝင်ရောက်မှုထက် ၂၀ ရာခိုင်နှုန်းပိုမိုများပြားခဲ့သည်ဟု ဗီယက်နမ်အမျိုးသားခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့က ပြောသည်။
အဆိုပါအားလပ်ရက်အတွင်း ပျမ်းမျှတည်းခိုနေထိုင်မှုနှုန်း ၅၆ ရာခိုင်နှုန်းအထိရှိရာ လွန်ခဲ့သောနှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက တည်းခိုနေထိုင်မှုနှုန်း ၁ ဒသမ ၈၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ဟု သိရသည်။ စက်တင်ဘာလ ၁ ရက်နှင့် ၂ ရက်နေ့တို့တွင် တည်းခိုနေထိုင်မှုနှုန်း ၆၀ ရာခိုင်နှုန်းကျော် ရှိကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက ယနေ့ဖော်ပြထားသည်။
ဗီယက်နမ်နိုင်ငံသို့ နိုင်ငံခြားခရီးသွားဝင်ရောက်မှုမြင့်တက်ခဲ့ရာ အများအားဖြင့် အမေရိကန်၊ ဉရောပ၊ အိန္ဒိယ၊ တရုတ်ပြည်မကြီးနှင့် ကိုရီးယားနိုင်ငံတို့မှခရီးသွားများ ဝင်ရောက်မှုရှိသည်ဟု သိရသည်။ မြို့တော်ဟနွိုင်း၊ ဒါနန်းမြို့နှင့် ခန်ရှ်ဟိုအာပြည်နယ်အလယ်ပိုင်းဒေသတို့သည်နိုင်ငံခြားခရီးသွားများအလည်အပတ်သွားရောက်ရန် အများဆုံးရွေးချယ်သည့် နေရာများ ဖြစ်ကြောင်း အာဏာပိုင်များက ပြောသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို