နေပြည်တော် စက်တင်ဘာ ၄

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း သည် ယနေ့မွန်းလွဲပိုင်းတွင် ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ပြည်သူ့ဆေးရုံကြီးသို့ သွား ရောက်၍ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ဆေးရုံအတွင်းရှိ ပြင်ပလူနာဌာန၊ ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်းများနှင့် အတွင်းလူနာဆောင်များကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဆေးရုံ တက်ရောက်၍ ဆေးဝါးကုသမှုခံယူနေသည့် လူနာများကို အားပေးစကားပြောကြားကာ ထောက်ပံ့ပစ္စည်းများပေးအပ်သည်။

ထိုသို့ လှည့်လည်ကြည့်ရှုစဉ် ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများက ဆေးရုံဆိုင်ရာ အချက်အလက်များနှင့် ကုသရေးဆိုင်ရာလုပ်ငန်း ဆောင်ရွက်ချက်များကို  ရှင်းလင်းတင် ပြကြရာ ပြည်ထောင်စုဝန်ကြီးက အကြမ်းဖက်သမားများကြောင့် ပျက်စီးသွားသည့် အဆောက်အဦများ၊ ကွန်ပြူတာဓာတ်မှန်(CT)စက်နှင့် ဓာတ်မှန်စက်များ အမြန်ဆုံး ပြန် လည်ပြုပြင်၍ အသုံးပြုနိုင်ရေး၊ ဆေးရုံကြီး သန့်ရှင်းသာယာလှပရေးနှင့် ဉပဓိရုပ်ကောင်း မွန်စေရေးတို့ကို ဝန်ထမ်းများအားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန်၊ ပြည်သူများ စိတ် အေးချမ်းသာစွာဖြင့် ဆေးကုသမှုခံယူနိုင်ရေး တာဝန်ရှိသူအားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရန်တို့ကို မှာကြားပြီး ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်