နေပြည်တော် စက်တင်ဘာ ၅
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင် သစ်နှင့်သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၂၆ ရက်မှ စက်တင်ဘာ ၁ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း ၂၉ ဒသမ ၄၂၅၂ တန်၊ သစ်မာ ၃ ဒသမ ၅၄၁၂ တန်၊ အခြား ၄ ဒသမ ၀၇၆၈ တန် စုစုပေါင်း ၃၇ ဒသမ ၀၄၃၂ တန်၊ ယာဉ်/ ယန္တရား ခုနစ်စီး၊ တရားခံ ၁၄ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
သတင်းစဉ်


