စက်တင်ဘာ ၃
ဖိလစ်ပိုင်နိုင်ငံတွင် တိုင်ဖွန်းမုန်တိုင်းယာဂီနှင့် အနောက်တောင်မုတ်သုံလေတိုက်ခတ်မှုကြောင့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများဖြစ်ပွားသဖြင့် သေဆုံးသူ ၁၅ ဦးရှိလာပြီး ၂၁ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း မြို့ပြကာကွယ်ရေးရုံး ( အိုစီဒီ )က ယမန်နေ့ကပြောသည်။
ယာဂီမုန်တိုင်းနှင့် အနောက်တောင်မုတ်သုံလေတိုက်ခတ်မှုကြောင့် မိုးများအဆက်မပြတ်ရွာသွန်းခဲ့ရာ နိုင်ငံမြို့တော်နှင့် ကျွန်းစုနေရာအများအပြားတွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့သည်။
ယမန်နေ့မနက်ပိုင်းက ယာဂီမုန်တိုင်းတိုက်ခတ်မှုကြောင့် အိမ်ထောင်စု ၄၅၀၀၀၀ နီးပါး သို့မဟုတ် လူပေါင်း ၁ ဒသမ ၇ သန်း ထိခိုက်ခဲ့သည်ဟု သိရသည်။
ယာဂီမုန်တိုင်းတိုက်ခတ်ခံရသဖြင့် အမေရိကန်ဒေါ်လာ ၆ ဒသမ ၂ သန်းခန့်တန်ဖိုးရှိ စိုက်ပျိုးမွေးမြူရေးနှင့် အခြေခံအဆောက်အအုံများလည်း ပျက်စီးခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံတွင် နှစ်စဉ် ပျမ်းမျှအားဖြင့် တိုင်ဖွန်းမုန်တိုင်းအကြိမ် ၂၀ တိုက်ခတ်လေ့ရှိသည်ဟု သိရသည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို