နေပြည်တော် စက်တင်ဘာ ၅
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင် အလှူရှင်များက ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြု ပေးအပ်လျက်ရှိသည်။
ထိုသို့ ပေးအပ်လျက်ရှိရာ စက်တင်ဘာလ ၄ ရက်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဝန်ထမ်းမိသားစုများက စားသောက်ဖွယ်ရာနှင့် ထောက်ပံ့ပစ္စည်းများ ဂုဏ်ပြုပေးအပ်ခြင်းကို ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ပြုလုပ်ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။ 
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က စားသောက်ဖွယ်ရာနှင့် ပစ္စည်းများ ပေးအပ်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် ဝန်ထမ်းမိသားစုများက လှူဒါန်းသည့် ဂုဏ်ပြုချီးမြှင့်ငွေကျပ် ရှစ်ဆယ့်သုံးသိန်းကျော် တန်ဖိုးရှိ စားသောက်ဖွယ်ရာနှင့် ထောက်ပံ့ပစ္စည်းများကို ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုပေးအပ်ရာ တိုင်းမှူးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားသည်။ 
အဆိုပါ စားသောက်ဖွယ်ရာနှင့် ပစ္စည်းများကို ရှေ့တန်းစစ်မျက်နှာ အသီးသီးတွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ရွပ်ရွပ်ချွံချွံ တာဝန်ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက် ဆက်လက်ပို့ဆောင် ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်