နေပြည်တော်  စက်တင်ဘာ

 

ပြည်ထောင်စု တရားလွှတ်တော်ချုပ် ၂၀၂၄ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် ဘောဂသိဒ္ဓိရပ်ကွက် ဇမ္ဗူ့ကျက်သရေလမ်းနှင့် ရွှေကြာပင်လမ်းထောင့်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အထူးတရားရုံးများ တည်ဆောက်မည့်မြေနေရာ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ပြည်ထောင်စု တရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ တက်ရောက်၍ ရတနာတန်းဝင် ကျွန်းပင်များကို ဦးဆောင်စိုက်ပျိုးပေးကြပြီး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ လက်ထောက်အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးများ၊ နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ ပျဉ်းမနား ခရိုင်တရားရုံး၊ လယ်ဝေးခရိုင်တရားရုံးနှင့် မြို့နယ်တရားရုံးတို့မှ တရားသူကြီး များ၊ တရားရေးအရာရှိများ၊ ရုံးဝန်ထမ်းများက ရတနာတန်းဝင် ကျွန်းပင်စုစုပေါင်း ၂၅၂ ပင်ကို တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)