ဆော်ပေါ်လို   စက်တင်ဘာ   ၈

 

ဘရာဇီးနိုင်ငံတရားရုံးချုပ်က နိုင်ငံအတွင်း၌ တွစ်တာဟု လူသိများသော ဆိုရှယ်မီဒီယာ “X” အသုံးပြုခွင့်ကို ပိတ်ဆို့ထားခြင်းအပေါ် ပြည်သူများ က ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။ တွစ်တာဟု လူသိများသော ဆိုရှယ်မီဒီယာ “X” သည် သတင်းမှားများဖြန့်ဝေသည့် အကောင့်များကို ဖျက်သိမ်းပစ်ရန်   အစိုးရ၏ တောင်းဆိုမှုအပေါ် ငြင်းဆိုခဲ့ခြင်းကြောင့် အစိုးရက ဝန်ဆောင်မှုအသုံးပြုခြင်းကို ဆိုင်းငံ့ထားခြင်းဖြစ်သည်။

 

ပြီးခဲ့သည့်လတွင် တရားရုံးချုပ်က တွစ်တာဟုလူသိများသော ဆိုရှယ်မီဒီယာ “X”ကို အသုံးမပြုရန် သက်ဆိုင်ရာ အဖွဲ့အစည်းများထံသို့ အမိန့်စာတစ်ရပ်ထုတ်ပြန်ခဲ့သည်။ တရားရုံးချုပ်နှင့် သဘောထားကွဲလွဲနေသော ဘရာဇီးသမ္မတဟောင်း ဘော်ဆိုနာရိုကို ထောက်ခံသူများသည် နိုင်ငံ၏အကြီးဆုံးမြို့ ဆော်ပေါ်လိုရှိ လမ်းမများပေါ်တွင် စက်တင်ဘာ ၇ ရက်က စုဝေးဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။ ဘရာဇီးသမ္မတဟောင်း ဘော်ဆိုနာရိုက ဆိုင်းငံ့မိန့်ထုတ်ပြန်ခဲ့သည့် တရားသူကြီးကို ပြစ်တင်ဝေဖန်ခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာရန်လိုအပ်ကြောင်း ပြောကြားသည်။

 

လွတ်လပ်စွာ ပြောဆိုခွင့်ကို ကန့်သတ်ခြင်းသည် ဆင်ဆာဖြတ်တောက်ခြင်းကဲ့သို့ဖြစ်ပြီး ယင်းသို့တွစ်တာဟု လူသိများသော ဆိုရှယ်မီဒီယာ “X” အသုံးပြုခွင့်ကို ဆိုင်းငံ့ခြင်းနှင့်ပတ်သက်ပြီး ဖြစ်ပေါ်လာနိုင်သည့်  နောက်ဆက်တွဲ အန္တရာယ်များကို တရားရုံးချုပ်က ထည့်သွင်းစဉ်းစားခြင်းမရှိကြောင်း ဆန္ဒထုတ် ဖော်သူများက ပြောကြားသည်။  မကြာသေးမီက ကောက်ခံခဲ့သည့် သဘောထား စစ်တမ်းတစ်ခုအရ နိုင်ငံအတွင်း၌ တွစ်တာဟု လူသိများသော ဆိုရှယ်မီဒီယာ “X”အသုံးပြုခွင့်ကို ထောက်ခံသူ ၅၀ ဒသမ ၉ ရာခိုင်နှုန်းရှိပြီး ဆန့်ကျင်သူ ၄၈ ဒသမ ၁ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်