နေပြည်တော်၊ စက်တင်ဘာ ၁၀
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၉ ရက် မွန်းလွဲ ၁၂ နာရီတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၄၀)ရပ်ကွက်၊ သိန်းတစ်ရာလမ်းတွင် ကျော်သူအောင်၊ စိုးပိုင်နှင့် ဇင်ညီညီဖြိုး တို့ ၃ ဦးအား သတင်းအရရှာဖွေရာ ၎င်းတို့ထံမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၂,၀၀၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မွန်းလွဲ ၃ နာရီခွဲတွင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ (၁၄၀)ရပ်ကွက်၊ မေတ္တာလမ်းရှိ မဝင်းမြင့်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၁,၅၀၀ ကိုလည်းကောင်း၊ ထို့ပြင် ပူးပေါင်းအဖွဲ့သည် ယင်းနေ့ ညနေ ၅ နာရီတွင် တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ ဆန်နားကျေးရွာအနီးတွင် စိုင်းတိုးမ မောင်းနှင်ပြီး စိုင်းရှဲန် လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ပြောင်းဆေးဝါး Happy Water ၂ ဒသမ ၅ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


