နေပြည်တော် စက်တင်ဘာ ၁၀

 

ရာဂီမုန်တိုင်းအရှိန်ကြောင့် ဇော်ဂျီမြစ်အထက်ပိုင်း ဧရိယာများတွင် မိုးရွာသွန်းမှုများပြားလျက်ရှိပြီး ယနေ့ ခန့်မှန်း ညနေ () နာရီခန့်တွင် ဇော်ဂျီ မြစ်ရေတက်နိုင်သည့်အတွက် ကျောက်ဆည်မြို့ပေါ် ရပ်ကွက်(၁၁) ခုအနက် အနိမ့်ပိုင်း ရပ်ကွက် () ခု ရေဝင်ရောက်နိုင်ကြောင်း မြို့တွင်းပြည်သူများအား အသိပေးခြင်း၊ လှည့်လည်ကြေညာခြင်းများအား မွန်းလွဲ ()နာရီမှစ၍ ဆက်တိုက်ဆောင်ရွက်လျက်ရှိ သည်။ သက်ဆိုင်ဌာနများမှ ရေဝင်ရောက်မှုအား အချိန်နှင့်တစ်ပြေးညီ ဆက်လက်စောင့်ကြည့် လျက်ရှိပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်ခြင်းတို့ကို ခရိုင်သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီအဖွဲ့မှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။

(သတင်းစဉ်)