စက်တင်ဘာ ၁၁

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ယမန်နေ့က သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၅၃၄ ဦး ထပ်မံတွေ့ရှိပြီး ယင်းရောဂါဖြင့်ငါးဦးသေဆုံးခဲ့ရာ ယခုနှစ် လက်ရှိအချိန်အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၆၈၁၉ ဦးနှင့် သေဆုံးသူ ၁၀၂ ဦး ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။

ဇူလိုင်လက သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၂၆၆၉ ဦး၊ ဩဂုတ်လက ၆၅၂၁ ဦး သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားခဲ့ပြီးနောက် စက်တင်ဘာလအတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၃၉၇၈ ဦး ရှိသည်ဟု ဖော်ပြထားသည်။

သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုဖြင့် ဇူလိုင်လက ၁၂ ဦး၊ ဩဂုတ်လက ၂၇ ဦးနှင့် စက်တင်ဘာလအတွင်း ၁၉ ဦး သေဆုံးခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဇွန်လမှစက်တင်ဘာလအတွင်းမုတ်သုံကာလသည် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမြင့်မားသော ကာလဖြစ်သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို