နေပြည်တော် စက်တင်ဘာ ၁၁
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်း ပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင်နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၂ ရက်မှ စက်တင်ဘာ ၈ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၇ ဒသမ ၁၅၇၄) တန်၊ သစ်မာ (၁၆ ဒသမ ၄၄၁၆)တန်၊ အခြား (၁၀ ဒသမ ၃၅၄၄)တန်၊ စုစုပေါင်း (၄၃ ဒသမ ၉၅၃၄)တန်၊ ယာဉ်/ ယန္တရား (၁၃)စီး၊ တရားခံ (၁၄)ဦး ဖမ်းဆီးရမိခဲ့ပါကြောင်း သိရသည်။
သတင်းစဉ်