ရန်ကုန် စက်တင်ဘာ ၁၁
ရာဂီမုန်တိုင်းအရှိန်ကြောင့် နေပြည်တော်ဒေသနှင့် အရှေ့ဘက်ကုန်းမြင့်ဒေသများတွင် မိုးရွာသွန်းမှုများပြားလျက်ရှိပြီး ပျဉ်းမနားမြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသော ငလိုက်ချောင်း၊ ဆင်သေချောင်းနှင့် ပေါင်းလောင်းမြစ်များတွင် ရေမြင့်တက် လျက်ရှိပါသည်။ သို့ပါ၍ ပျဉ်းမနားမြို့နယ်အတွင်း ငလိုက်ချောင်း၊ ဆင်သေချောင်းနှင့် ပေါင်းလောင်းမြစ်တစ်လျှောက်ရှိ အနိမ့်ပိုင်းဧရိယာများနှင့် ကျေးရွာများအနေဖြင့် ရေဘေးအန္တရာယ် သတိပြုနေထိုင်ကြပါရန် နှိုးဆော်တိုက်တွန်းထားသည်။
သတင်းစဉ်


