စက်တင်ဘာ ၁၂

ဂါဇာကမ်းမြောင်ဒေသရှိစာသင်ကျောင်းတွင် အစ္စရေးတပ်ဖွဲ့ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ၁၄ ဦး ထက်မနည်းသေဆုံးပြီး အခြား ထိခိုက်ဒဏ်ရာရရှိသူအများအပြားရှိသည်ဟု ဒေသတွင်းမီဒီယာကဆိုသည်။

အဆိုပါစာသင်ကျောင်းသည် ဟားမတ်စ်အဖွဲ့များအသုံးပြုနေသောစာသင်ကျောင်းဖြစ်ကြောင်း အစ္စရေးတပ်ဖွဲ့က ယမန်နေ့ကပြောသည်။ အစ္စရေးတပ်ဖွဲ့က အရပ်သားများထိခိုက်မှုလျော့နည်းစေရန် တိကျသော လက်နက်ခဲယမ်းများနှင့် ဝေဟင်စောင့်ကြည့်ရေးတို့ကို အသုံးပြုခဲ့သည်။

ဂါဇာဒေသရှိကျန်းမာရေးအာဏာပိုင်များက အောက်တိုဘာ ၇ ရက်နေ့နောက်ပိုင်း ပါလက်စတိုင်းသေဆုံးမှု ၄၁၀၈၄ ဦး ရှိလာကြောင်း ပြောသည်။

အစ္စရေးတပ်ဖွဲ့က ပါလက်စတိုင်းထိန်းချုပ်ထားသော West Bank ဒေသကိုလည်း ထိုးစစ်ဆင်ခဲ့သည်ဟု သိရသည်။ တူလ်ကမ်မြို့ရှိ လက်နက်ထုတ်လုပ်သည့်အလုပ်ရုံကိုဖျက်သိမ်းခဲ့သည်ဟု အစ္စရေးတပ်ဖွဲ့ကဆိုသည်။ ထိုလေကြောင်း တိုက်ခိုက်မှုတွင် အကြမ်းဖက်သမားငါးဦးသေဆုံးခဲ့သည်ဟု သိရသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို