စက်တင်ဘာ ၁၂

ဗီယက်နမ်နိုင်ငံတွင် တိုင်ဖွန်မုန်တိုင်း ရာဂိတိုက်ခတ်ခဲ့ပြီး နောက်ဆက်တွဲ မြေပြိုမှုနှင့် ရေကြီးမှုများဖြစ်ပွားခဲ့ရာ ယနေ့မနက်ပိုင်းအထိ ၁၉၇ ဦးသေဆုံးပြီး ၁၂၈ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံဖြိုးရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ယခုနှစ်အတွင်း အာရှတိုက်ကိုတိုက်ခတ်ခဲ့သည့် အားအပြင်းဆုံးတိုင်ဖွန်းမုန်တိုင်းရာဂိသည် စက်တင်ဘာလ ၇ ရက်နေ့က ဗီယက်နမ် မြောက်ပိုင်းကမ်းရိုးတန်း ကုန်းတွင်းပိုင်းသို့ ဝင်ရောက်တိုက်ခတ်ခဲ့ပြီး အနောက်ဘက်သို့ ရွေ့လျားသွားကာ မြို့တော်ဟနွိုင်းကို လေပြင်းများဝင်ရောက်တိုက်ခတ်ခဲ့ပြီး မိုးသည်းထန်စွာရွာသွန်းခဲ့သည်ဟု သိရသည်။

ထိုမုန်တိုင်းသည် ယင်းဒေသ၏အကြီးဆုံးမြစ်နီမြစ်အထက် အခြားပြည်နယ်များသို့လည်း ဝင်ရောက်တိုက်ခတ်ခဲ့ရာ စက်တင်ဘာလ ၉ ရက်နေ့က တံတားတစ်စင်း ပြိုကျမှုဖြစ်ပွားခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို