ရန်ကုန် စက်တင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန် ဦးညီညီ၊ တာ ဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မင်္ဂလာတောင်ညွန့်မြို့နယ် သပြေကုန်းရပ် ကွက် ကန်ရိပ်သာလမ်း ကန်တော်ကြီးသဘာဝဥယျာဉ်အတွင်းရှိ အပန်းဖြေဧရိယာ (View Deck)နှင့် ကန်တော်ကြီးသဘာဝဥယျာဉ်အတွင်းရှိ ပုဂံလုံးကျွန်း သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှုနှင့် ခေမာဒီပကျွန်းပတ်လည် လူလျှောက်လမ်းနှင့် မြေထိန်းနံရံ  ဆောင်ရွက်နေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဆောင်ရွက်ရန်လိုအပ်သည့် လုပ် ငန်းများကို မှာကြားသည်။

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်နှင့်ပြည်သူ့ဥယျာဉ် အတွင်း၌ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနက ပြည်သူ့ဥယျာဉ် သန့်ရှင်းသာယာ လှပရေးဆောင်ရွက်ထားရှိမှု၊ ပင်စည်လုံးပတ်(၃)ပေနှင့်အထက်ရှိသည့် သက်တမ်းရင့် အပင်ကြီးများအား စနစ်တကျထိန်းသိမ်း ဆောင်ရွက်ထားရှိမှုနှင့် ဒေါင်းဖန်ဝါ၊ နှဲလေး၊ ကြွေပန်း၊ ဇော်မွှား၊ မော်လမြိုင်ရောင်စုံ၊ ပန်းချဉ်ပေါင်စသည့်ပန်းပျိုးပင်(၂၁၇၀) ပြုစုပျိုး ထောင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရန်မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် သင်္ဃန်းကျွန်းမြို့နယ် ရန်ကုန်သစ် ရပ်ကွက် မြဝတ်ရည်လမ်း၊ ဒဂုံတောင်-သုဝဏ္ဏတံတားအနီး မိုးလုံလေလုံ ဖူဆယ်အား ကစားကွင်း တည်ဆောက်နေမှုကိုလည်းကောင်း၊ တောင်ဥက္ကလာပမြို့နယ် (၁၃)ရပ် ကွက် ဒေဝဒဟလမ်းရှိ ကျိုက္ကဆံချောင်းကူးတံတားအား တစ်ဖက်လျှင် ၆ ပေစီ တိုးချဲ့ တည်ဆောက်နေမှုကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။

အဆိုပါ မိုးလုံလေလုံဖူဆယ်အားကစားကွင်းသည် အလျား ၂၀၆ ပေ၊ အနံ ၁၀၆ ပေ ရှိပြီး အမျိုးသား၊ အမျိုးသမီး သန့်စင်ခန်း (၁၀)ခန်းတွဲ (၂) ခန်း၊ အမျိုးသား၊ အမျိုးသမီး ရေချိုးခန်း (၂) ခန်း၊ အားကစာပစ္စည်းအရောင်းဆိုင်များနှင့် ယာဉ်ရပ်နားရန်နေရာများ ပါဝင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်