နေပြည်တော် စက်တင်ဘာ ၁၂

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့မွန်းလွဲ ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့ရှိ အမှတ်(၈) အထည်စက်ရုံခွဲ (ရမည်းသင်း) သို့ ရောက်ရှိပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် စက်ရုံအတွင်းသို့ ရေဝင်ရောက်ခဲ့မှုအခြေအနေ၊ ကုန်ချော၊ ကုန်ကြမ်းပစ္စည်းများ ပျက်စီးမှုမရှိစေရေးဆောင်ရွက်ထားရှိမှု၊ ရေဝင်ရောက်မှု ကြောင့် စက်ပစ္စည်းများ ပျက်စီးမှုမရှိစေရေး ဆောင်ရွက်ထားရှိမှု၊ ကျန်းမာရေးဝန်ကြီး ဌာနမှ မှာယူထားသည့် မွေ့ယာ၊ အိပ်ယာခင်း၊ ခေါင်းအုံးများချုပ်လုပ်နေမှု၊ ဝန်ကြီးဌာနများ၏ တူညီဝတ်စုံများ ချုပ်လုပ်နိုင်ရေးအတွက် ပိတ်များရက်လုပ်နေမှုတို့ကို လှည့်လည်ကြည့်ရှု စစ် ဆေးသည်။

ထိုသို့ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက သဘာဝဘေးအန္တရာယ် ဖြစ်ပွားနေစဉ်ကာ လအတွင်း အရေးပေါ်ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပြီးနောက် ပြန်လည်ပြုပြင်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်စုဖွဲ့စီမံ ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ စက်ရုံအတွင်း၌ ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေး အ တွက် ရေမြောင်းနှင့် ရေနှုတ်မြောင်းများကို ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ စက်ရုံတာဝန်ရှိသူများအနေဖြင့် ဝန်ထမ်းများ၊ စာရွက်စာတမ်းများ၊ စက်ရုံပုံသေပိုင်ပစ္စည်းများဖြစ်သည့် ပရိဘောဂပစ္စည်းများ၊ အဆောက်အဦများ၊ စက်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှု မဖြစ်စေရေးအတွက် ဒေသ၌ဖြစ်ပေါ်နိုင်သည့် သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်မျှော်တွေး၍ စီမံဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနများမှ အမှာစာဖြင့် မှာယူထားသည့်ပစ္စည်းများကို အချိန်မီထုတ်လုပ်ပေးနိုင်ရေး ကြိုးစားဆောင်ရွက်ကြရန် မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပျော်ဘွယ်မြို့ရှိ အမှတ်(၈)အထည်စက်ရုံ (ပျော်ဘွယ်) သို့ ရောက်ရှိပြီး စက်ရုံ၌ တပ်ဆင်ထားရှိသည့် စက်ပစ္စည်းများအခြေအနေ၊ ကုန်ကြမ်း၊ ကုန်ချောသိုလှောင်ထားရှိမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး စက်ရုံမှ ထုတ်လုပ်သော ချည်များ၏ အရည်အသွေး တိုးတက်ကောင်းမွန်စေရေးအတွက် ပြုပြင် လဲလှယ်တပ်ဆင်ရမည့် စက်ပစ္စည်းအစိတ်အပိုင်းများစာရင်းပြုစုထားရန်၊ စက်ရုံ၌ ကျန်ရှိနေ သည့် ကုန်ချောပစ္စည်းများကိုလည်း MSME လုပ်ငန်းရှင်များလက်ဝယ်သို့ လုပ်ထုံးလုပ်နည်း နှင့်အညီ ဖြန့်ဖြူးရောင်းချနိုင်ရေးစီမံဆောင်ရွက်ရန်၊ စက်ပစ္စည်းများ ပျက်စီးမှုမရှိစေရေး ကြိုတင်ကာကွယ်ထိန်းသိမ်း ပြုပြင်ခြင်းလုပ်ငန်းများကို သတ်မှတ်ထားသည့် လုပ်ငန်းစဉ် များနှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက်ရန်၊ ယခုရက်ပိုင်းတွင် မိုးအဆက်မပြတ် ရွာသွန်းနေသည့်အတွက် စက်ရုံရှိ စက်ပစ္စည်းများ၊ ကုန်ကြမ်း၊ ကုန်ချောများ ပျက်စီးဆုံးရှုံးမှု မရှိစေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များကို ပြည့်ပြည့်ဝဝ ဆောင်ရွက်ထားရန် မှာ ကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်