နေပြည်တော် စက်တင်ဘာ ၁၃

နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ရေကြီးရေလျှံမှုကြောင့် ပုဗ္ဗသီရိမြို့နယ် အေးမြင့်သာယာတံတားနှင့် ပင်လောင်းလမ်းတစ်လျှောက် တင်ကျန်နေသည့်နုန်းမြေများ၊ သစ်ပင် သစ်ကိုင်းများနှင့် အမှိုက်သရိုက်များကို ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်မတော်သားများ၊  နေပြည်တော်စည်ပင် သာယာရေးကော်မတီမှ ဝန်ထမ်းများနှင့် လုပ်သားများက စက်ယန္တရား များဖြင့် ဖယ်ရှားရှင်းလင်းနေမှုကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားဖြည့်ဆည်း ဆောင်ရွက် ပေးသည်။

 

မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် လယ်ဝေးမြို့နယ် အင်ပင် ကျေးရွာအုပ်စု ရေနီလေး ကျေးရွာအနီး ကျေးရွာများမှ ရောက်ရှိလာသော ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး အာဟာရဖြစ် စာသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။

 

ထို့နောက် လယ်ဝေးမြို့နယ် ပျံချီကျေးရွာ သီရိပျံချီဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိကာ ကျောင်းထိုင် ဆရာတော် အား ဖူးမြော်ကြည်ညို၍ နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းပြီး ကျောင်းတိုက်အတွင်း ယာယီတည်းခိုနေထိုင် ကြသည့်  ရေဘေးသင့်ပြည်သူများနှင့်တွေ့ဆုံ အားပေးစကားပြောကြားပြီး အာဟာရဖြစ် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)