၄ မတ်

 

ပျောက်ဆုံး မလေးရှားလေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းပေါ်တွင် လိုက်ပါသွားသူများ၏ မိသားစုဝင်များက အိန္ဒိယသမုဒ္ဒရာအတွင်း ပျက်ကျသွားသည်ဟု ယူဆရသည့် ယင်းလေယာဉ် ပြန်လည်ရှာဖွေရေးလုပ်ငန်းများ ပြန်လည်စတင်ရန် တောင်းဆိုခဲ့သည်။

 

MH 370 လေယာဉ် လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ဆုံးခဲ့မှု ၅ နှစ်မြောက် အထိမ်းအမှတ်မတိုင်မီ ပျောက်ဆုံး သွားသူများ၏ ဆွေးမျိုးများသည် တနင်္ဂနွေ့နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် စုဝေးပွဲတစ်ရပ် ကျင်းပ ခဲ့သည်။

 

ေေ

 

ခရီးသည် ၂၃၉ဦး လိုက်ပါလာသည့် အဆိုပါ လေယာဉ်မှာ ၂၀၁၄ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ကွာလာလမ်ပူမှ ဘေဂျင်းသို့ ထွက်ခွာလာပြီးနောက် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ ရှာဖွေရေးလုပ်ငန်းများကိုလည်း ရပ်ဆိုင်းခဲ့သည်။

 

လေယာဉ် ပြန်လည်တွေ့ရှိမှုက လေယာဉ်ပျောက်ဆုံးရသည့် အကြောင်းရင်းနှင့် အလားတူဖြစ်ရပ်မျိုး ထပ်မံမဖြစ် ပွားရန် ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း ပျောက်ဆုံးအမျိုးသမီးတစ်ဦး၏ သမီးတစ်ဦးက ပြောဆိုသွားခဲ့သည်။

 

လေယာဉ် ပြန်လည်ရှာဖွေမှု ပြုလုပ်ရန်နှင့် ယုံကြည်စိတ်ချရသော ရှာဖွေမှုများပြုလုပ်ရန် ကြိုဆိုကြောင်း မလေး ရှား ပို့ဆောင်ရေးဝန်ကြီး အန်ထော်နီယိုလော့ဒ်က လူစုလူဝေးသို့ ပြောကြားခဲ့သည်။

 

ရှာဖွေရေးလုပ်ငန်းက မည်သည့် အလားအလာကောင်းများမှ မရရှိခဲ့သော်လည်း လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ဆုံးခဲ့မှုမှာ ၅နှစ်ကြာပြီးဖြစ်သည့်အတွက် ပြန်လည်တွေ့ရှိရန် အခွင့်အလမ်းနည်းပါးသည်ဟု ဆိုသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်

 

ေေ