ရန်ကုန် စက်တင်ဘာ ၁၃

 

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီသည် အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့်အတူ  ယနေ့ နံနက်ပိုင်းတွင် လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ် ()ရပ်ကွက် ဘုရင့်နောင်တံတား အမှတ်()အနီး ညောင်ချောင်းရေတံခါးသို့ စီးဝင်သည့်ရေမြောင်း ရေစီးရေလာကောင်းမွန် စေရေးဆောင်ရွက်ထားရှိမှုနှင့် ဆိပ်ကမ်းသာလမ်းဖြတ် Pipe Culvert ရေမြောင်းသစ် ဖောက်လုပ်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။

ဆက်လက်၍ ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ရန်ကုန်-ပုသိမ်လမ်း တစ်လျှောက် လမ်းဘေးဝဲ၊ယာရှိရေမြောင်းများ ရေစီးရေလာကောင်း မွန်စေရန်နှင့် လှိုင်မြစ်အတွင်းသို့ တိုက်ရိုက်စီးဝင်စေရန်အတွက် ယောအတွင်းဝန်ဦးဖိုးလှိုင် လမ်းဖြတ်တည်ဆောက်နေမှုကို ကြည့်ရှု စစ်ဆေးပြီး လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ပြီးစီးရေး ဆောင်ရွက်ရန် မှာကြားသည်။

 

ထို့နောက် ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည်  လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် () ရပ်ကွက်၊ ရန်ကုန်-ပုသိမ်လမ်းနှင့် ရန်ကုန်-ညောင်တုန်းလမ်းဆုံရှိ ဘုရင့်နောင်ပန်းခြံတိုး ချဲ့တည်ဆောက်ရေး လုပ်ငန်းခွင်သို့ သွားရောက်၍ ဘုရင့်နောင်ပန်းခြံတိုးချဲ့မြေနေရာတွင် ကွန်ကရိခင်းနေမှုကို လည်းကောင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ရန်ကုန်-ညောင် တုန်းလမ်းအုတ်ရေမြောင်း တည်ဆောက်နေမှုနှင့် ရန်ကုန်-ညောင်တုန်းလမ်းမပေါ်ရှိ အင်းကလိုင်ချောင်း ရေစီးရေလာ ကောင်းမွန်စေရေး စက်များဖြင့် အမှိုက်နှင့်နုန်းများ ဆယ်ယူရှင်းလင်းနေမှုတို့ကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)