ရာဂီမုန်တိုင်းဒဏ်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေကြီးသည့်အတွက် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ရေဘေးသင့်ဒေသများရှိ မိုဘိုင်းဖုန်းသုံးစွဲသူပြည်သူများ အဆင်ပြေချောမွေ့စေရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မိုဘိုင်းဖုန်းအချင်းချင်း အခမဲ့ဖုန်းပြောဆိုခွင့် မိနစ်(၇၀၀)နှင့် အခမဲ့စာတိုပေးပို့ခွင့် အစောင်(၇၀၀) အက်တမ် မြန်မာလီမိတက် (ATOM) မိုဘိုင်းဖုန်းအချင်းချင်း အခမဲ့ဖုန်းပြောဆိုခွင့် မိနစ် (၅၀၀) နှင့် အခမဲ့စာတိုပေးပို့ခွင့် အစောင် (၅၀၀) အော်ရီဒူးမြန်မာလီမိတက် (Ooredoo) မိုဘိုင်းဖုန်းအချင်းချင်း အခမဲ့ဖုန်းပြောဆိုခွင့် အကန့်အသတ်မဲ့နှင့် အခမဲ့ စာတိုပေးပို့ခွင့် အကန့်အသတ်မဲ့၊ တယ်လီကွန်းအင်တာနေရှင်နယ် မြန်မာကုမ္ပဏီလီမိတက် (MYTEL) မိုဘိုင်းဖုန်း အချင်းချင်း အခမဲ့ဖုန်းပြောဆိုခွင့် မိနစ် (,၀၀၀) နှင့် အခမဲ့စာတိုပေးပို့ခွင့် အစောင် (,၀၀၀) တို့အား ၁၃--၂၀၂၄ ရက်နေ့မှစတင်၍ ()ရက်အထိ အသုံးပြုခွင့်ကို မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများက ပေးအပ်လှူဒါန်းသွား မည်ဖြစ်သည်။

(ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန)