နေပြည်တော် စက်တင်ဘာ ၁၄
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ စန်းစန်းမြင့်အောင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များသည် ယမန်နေ့ မွန်းလွဲပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် နေရာချထားပေးသော လယ်ဝေးမြို့နယ် ဂိုဏ်းထောက်ဘုန်းကြီးကျောင်းနှင့် သရက်တော ဘုန်းကြီးကျောင်းများသို့ လည်းကောင်း၊ ပုပ္ပသီရိမြို့နယ်ရှိ တပေါင်းကွင်းနှင့် ပျဉ်းမနားမြို့နယ်ရှိ မင်္ဂလာဗျူဟာသာသနာ့ဗိမာန်များသို့ လည်းကောင်း သွားရောက်ပြီး ရေဘေးသင့်ပြည်သူများထံ အဝတ်အထည်နှင် လူသုံးကုန်ပစ္စည်းများ၊ ရေသန့်နှင့် အစားအစာများ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်