၁။ မြန်မာနိုင်ငံတွင် ရာဂီမုန်တိုင်းနှင့်ဆက်စပ်၍ ရေဘေးများ ဖြစ်ပွားလျက်ရှိရာ ရေဘေးသင့် ပြည်သူများအတွက် ပါဝင်လှူဒါန်းလိုသော စေတနာရှင်ပြည်သူများအနေဖြင့် ဘဏ်များမှတစ်ဆင့် လှူဒါန်းလိုပါက မြန်မာငွေစာရင်းအမှတ် OA-011834 ၊ နိုင်ငံခြား ငွေစာရင်းအမှတ် (0111284000000063) နှင့် (EDN-600018) တို့သို့လည်းကောင်း၊ မိုဘိုင်းငွေပေးချေမှုစနစ်ဖြင့် လှူဒါန်းလိုပါက K Pay နှင့် Wave Money များသို့ ထည့်ဝင်လှူဒါန်းနိုင်သည့် QR Code များ၊ ဖုန်းနံပါတ်များကို ကြေညာပြီးဖြစ်ပါသည်။
၂။ ထပ်မံ၍ အခြားသော မိုဘိုင်းငွေပေးချေမှုစနစ်များဖြစ်သော CB Pay၊ OK $ နှင့် AYA PAY တို့ဖြင့်လည်း လှူဒါန်းနိုင်ရေး ဆောင်ရွက်ထားပြီးဖြစ်သဖြင့် အောက်ပါ QR Code များအား Scan ဖတ်၍ လှူဒါန်းနိုင်ပါကြောင်း ထပ်မံအသိပေးကြေညာအပ်ပါသည်။


