ဂါဇာ  စက်တင်ဘာ  ၁၅  

 

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏တိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်းသေဆုံးသူဦးရေမှာ စက်တင်ဘာ ၁၅ ရက်အထိ ကာလအတွင်း ၄၁၂၀၆ ဦး  ရှိလာခဲ့ကြောင်း ဂါဇာအခြေစိုက် ကျန်းမာရေး အာဏာပိုင်များက စက်တင်ဘာ  ၁၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

 

လွန်ခဲ့သည့် ၂၄ နာရီအတွင်း အစ္စရေးစစ်ဘက်၏ တိုက်ခိုက်မှုကြောင့် ၂၄ ဦး သေဆုံးပြီး ၅၇ ဦး ဒဏ်ရာရခဲ့ကာ လက်ရှိတွင် သေဆုံးသူစုစုပေါင်း ၄၁၂၀၆ ဦး ရှိလာခဲ့ခြင်းဖြစ်သည်။ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခသည် ၂၀၂၃  ခုနှစ်  အောက်တိုဘာလဆန်းပိုင်းတွင် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူပေါင်း ၉၅၃၃၇ ဦးအထိ ရှိလာခဲ့ကြောင်း သိရသည်။

 

၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်တွင် အစ္စရေး တောင်ပိုင်းသို့ ဟားမတ်စ်အဖွဲ့က စတင်တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးနိုင်ငံက ဂါဇာကမ်းမြောင်ဒေသရှိ ဟားမတ်စ်အဖွဲ့ကို ပြင်းပြင်းထန်ထန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကာ လက်တုံ့ပြန်ခဲ့ပြီး အဆိုပါထိုးစစ်ကြောင့် အစ္စရေးပြည်သူ ၁၂၀၀ ခန့် သေဆုံးကာ ၂၅၀ ခန့် ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

 

ကိုးကား-ဆင်ဟွာ၊

ဘာသာပြန်-အလင်းသစ်