နေပြည်တော် စက်တင်ဘာ ၁၈ 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၁၅ ရက် မွန်းလွဲ ၃ နာရီခွဲတွင် ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအုပ်စု၊ ညောင်ခါးရှည် ကျေးရွာအနီးတွင် TOYOTA PROBOX အမျိုးအစား ခရီးသည်တင် မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၈,၇၅၀ ကိုလည်းကောင်း၊ အလားတူ ပူးပေါင်းအဖွဲ့သည် မွန်းလွဲ ၂ နာရီခွဲတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၂၇)ရပ်ကွက်တွင် ငြိမ်းခန့်ကိုကို၊ ဇော်ထွန်း၊ မအေးဇာဖြူသင်း၊ မစန်းစန်းဦးနှင့် မအိရွှေစင်တို့ ၅ ဦးအား WISH အမျိုးအစား မော်တော်ယာဉ်တစ်စီးနှင့်အတူ တွေ့ရှိ၍ စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀,၀၀၀ ကိုလည်းကောင်း၊ ထို့ပြင် ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ၁၇ရက် မွန်းလွဲ ၃ နာရီတွင်  တာချီလိတ်မြို့နယ်၊ ဝမ်လုံးကျေးရွာအုပ်စု၊ လွယ်စီတုံ (အပေါ်)ကျေးရွာရှိ မဥမ္မာမြင့် ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၄၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့ပြီး အလားတူ ပူးပေါင်းအဖွဲ့သည် ညနေ ၅ နာရီတွင် တာချီလိတ်မြို့နယ်၊ ဝမ်လုံးကျေးရွာအုပ်စု၊ လွယ်စီတုံ(အောက်)ကျေးရွာရှိ လီဆာ ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀  ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်း သိရသည်။

သတင်းစဉ်