နေပြည်တော် စက်တင်ဘာ ၁၈
အနုပညာဖန်တီးမှုများအား တရားမဝင်ခိုးယူဖြန့်ချိခြင်းဆိုင်ရာ ကာကွယ်တားဆီး ရေးအဖွဲ့ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ အနုပညာဖန်တီးမှုများအား တရားမဝင်ခိုးယူဖြန့်ချိခြင်းဆိုင်ရာ ကာကွယ်တားဆီးရေးအဖွဲ့ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရုပ်ရှင့်နှင့် ဗီဒီယိုထုတ်လုပ်ဖြန့်ချိရေးလုပ်ငန်းရှင်များ ၊ မြန်မာ နိုင်ငံကွန်ပျူတာအသင်းချုပ်၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ၊ မြန်မာနိုင်ငံဂီတအစည်းအရုံး၊ မြန်မာနိုင်ငံ သဘင်အစည်းအရုံးနှင့် မြန်မာနိုင်ငံစာရေးဆရာအသင်းမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ အနုပညာဖန်တီးမှုများအား တရားမဝင်ခိုးယူဖြန့်ချိခြင်းဆိုင်ရာ ကာကွယ်တား ဆီးရေးအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးက ယနေ့ အစည်းအဝေးသည် အွန်လိုင်းမှ ရုပ်ရှင်များနှင့် ဗီဒီယိုဇာတ်ကားများကို တရားမဝင်ခိုးယူမှု တိုက်ဖျက်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် အတွက် ကာကွယ်တားဆီးရေးအဖွဲ့၏ စတုတ္ထအကြိမ်မြောက် ကျင်းပသည့် အစည်းအဝေး ဖြစ်ကြောင်း၊ တတိယအကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ခဲ့သည့် အချက်များ အနက်မှ အင်တာနက်အသုံးပြုပြီး ရုပ်ရှင်နှင့်ဗီဒီယိုဇာတ်ကားများ ထုတ်လွှင့်ပြသနေသည့် အွန်လိုင်းပ လက်ဖောင်းများ တရားဝင်လိုင်စင်ပြုလုပ်ပေးနိုင်ရေး မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဥပဒေ များနှင့်အညီ ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ကြောင်း။
ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုပြီး ရုပ်ရှင်ရုံတည်ထောင်ခြင်း၊ ရုပ်ရှင်ဆိုင်ရာ Application များဖြင့် ထုတ်လွှင့်ခြင်း၊ ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုပြီး ရုပ်ရှင်ဇာတ် ကားများကို ထုတ်လွှင့်ပြသခြင်း စသည့်လုပ်ငန်းများကို စိစစ်ပြီး တရားဝင် ခွင့်ပြုပေးလျက်ရှိ ကြောင်း၊ ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုပြီး ထုတ်လွှင့်ပြသမည့် ရုပ်ရှင်ဇာတ်ကား များကို တင်ပြလာပါက စိစစ်ပေးနိုင်ရန် စိစစ်ဆေးအဖွဲ့ကိုလည်း အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ ရုပ်ရှင်နှင့် ဇာတ်ကားများ တရားမဝင်ခိုးယူဖြန့်ချိ ခြင်းများနှင့် စပ်လျဉ်း၍ တိုင်းကြားလာပါက အချိန်နှင့်တစ်ပြေးညီ အရေးယူဆောင်ရွက်နိုင် ရန် Contact List အဖြစ် အဖွဲ့ဝင်များ၏ ဖုန်းနံပါတ်များကို Viber နှင့် Telegram တို့တွင် Group များဖွဲ့ပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ အွန်လိုင်းမှ ရုပ်ရှင်များနှင့် ဗီဒီယို ဇာတ်ကားများကို တရားမဝင် ခိုးယူပြီး ထုတ်လွှင့်နေမှုများကိုလည်း ပြည်သူများ သိရှိနိုင်ရန် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိကြောင်း။
ငွေကြေးအကုန်အကျခံကာ ထုတ်လုပ်ထားသည့် ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများ တရားမဝင်ခိုးယူဖြန့်ချိမှု ပပျောက်ရန် ဝိုင်းဝန်းတိုက်ဖျက်သွားကြရမည် ဖြစ်ပြီး မည်သို့ကာ ကွယ်ဆောင်ရွက်ရမည်ကို ဆွေးနွေးကြစေလိုကြောင်း၊ တက်ရောက်လာကြသူများ အနေဖြင့် တည်ဆဲဥပဒေများနှင့်အညီ မြန်မြန်ဆန်ဆန်ထိထိရောက်ရောက် အရေးယူဆောင်ရွက် နိုင်ရန် နည်းလမ်းများကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် အနုပညာဖန်တီးမှုများအား တရားမဝင်ခိုးယူဖြန့်ချိခြင်းဆိုင်ရာ ကာကွယ် တားဆီးရေးအဖွဲ့ အတွင်းရေးမှူး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်က ဆက်သွယ်တိုင်ကြားနိုင်ရေးအဖွဲ့ခွဲ၊ စောင့်ကြည့် စိစစ်လေ့ လာရေးအဖွဲ့ခွဲ၊ နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးရေးအဖွဲ့ခွဲ၊ အရေးယူဆောင်ရွက် ရေးအဖွဲ့ခွဲနှင့် အသိပညာပေးရေးအဖွဲ့ခွဲများဖွဲ့စည်း ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များကို ရှင်းလင်းတင် ပြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက တရားမဝင်ခိုးယူ ဖြန့်ချိခြင်းဆိုင်ရာကာ ကွယ်တားဆီးရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် အကြံပြုဆွေးနွေးတင်ပြကြရာ အနုပညာဖန်တီးမှုများအား တရားမဝင်ခိုး ယူဖြန့်ချိခြင်းဆိုင်ရာ ကာကွယ်တားဆီးရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကိုရုပ်သိမ်း လိုက်သည်။
သတင်းစဉ်


