ပြည် စက်တင်ဘာ ၁၉

 

ပြည်မြို့နယ်တွင် စက်တင်ဘာ ၁၇ ရက်ညပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ပြိုလဲပိကျ ထိခိုက်ပျက်စီးခဲ့သော ရွာဘဲရပ်ကွက်မှ နေအိမ်(၃)လုံးနှင့် အရှေ့ပေါက်တောကျေးရွာမှ နေအိမ်(၁)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး‌ ထောက်ပံ့ငွေအပါအဝင် ကယ်ဆယ်‌ရေးပစ္စည်းများနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများကို ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူနှင့် ဝန်ထမ်းများအဖွဲ့က ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါ  ရပ်ကွက်/ကျေးရွာများသို့ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ရာတွင် ပြည်မြို့၊ ရွာဘဲရပ်ကွက်မှ လေဘေးသင့်ပြိုလဲနေအိမ် (၁)လုံးနှင့် အမိုးလန်နေအိမ် (၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ငွေကျပ်(၃)သိန်းနှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ ကြာအင်းကျေးရွာအုပ်စု၊ ပေါက်တောကျေးရွာမှ အမိုးလန်နေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ငွေကျပ်ငါးသောင်းတို့ကို ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုနှင့်အဖွဲ့က သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ လေဘေးသင့်မိသားစုဝင်များထံ လက်ဝယ်အရောက်ပေးအပ်ခဲ့ပြီး လေဘေးသင့်‌နေအိမ်များမှ မိသားစုဝင် စုစုပေါင်း ၁၆ ဦးအတွက် တစ်ဦးလျှင် ၂၁၀၀ ကျပ်နှုန်းဖြင့် ဆန်ရိက္ခာဖိုးငွေကျပ် ၃၃၆၀၀ ကိုလည်း ပေးအပ်ထောက်ပံ့ကာ စုစုပေါင်းထောက်ပံ့ငွေကျပ် ၃၈၃၆၀၀ ကျပ်ဖြစ်‌ကြောင်း သိရသည်။

 

ကိုဆက်(ပြန်/ဆက်)