ပုဗ္ဗသီရိ  စက်တင်ဘာ  ၂၀

           

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၌  မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် ဆင်သေချောင်းရေလျှံပြီး ရပ်ကွက်ကျေးရွာအချို့၊ ဆေးရုံ၊ စာသင်ကျောင်းများ၊ သာသနိကအဆောက် အဦများအတွင်း ရေများဝင်ရောက်ခဲ့ရာ ယခုအခါ ရေများပြန်လည်ကျဆင်းသွားသည့်အတွက် ယနေ့ နံနက်ပိုင်းက ရွာတော်အုပ်စု၊ ရွာသစ်ကျေးရွာရှိ အမှတ်(၂၁) အခြေခံပညာအထက်တန်းကျောင်းတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ အမှတ်() ရဲလေ့ကျင့်သင်တန်းကျောင်းမှ သင်တန်းသားများ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ မြို့နယ်ပညာရေးဌာန၊ မြို့နယ်ကျန်းမာရေးဌာနနှင့် စိန်ရတနာဖြိုးကုမ္ပဏီမှ ဝန်ထမ်းများ စုပေါင်း၍ စာသင်ခန်းများအတွင်း တင်ကျန်နေသော ရွှံ့နွံများနှင့် အမှိုက်များအား ဖယ်ရှားပေးခြင်းတို့ကို မီးသတ်ယာဉ် နှစ်စီး၊ ရေသည်ကားတစ်စီးအသုံးပြုကာ စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)