တောင်ကြီး      စက်တင်ဘာ   ၁၉

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်သည် စက်တင်ဘာ ၁၀ ရက်နေ့မှစ၍ မိုးများသည်းထန်စွာရွာသွန်းပြီး တောင်ကျရေတိုက်စားမှုကြောင့် တောင်ကြီး-လွိုင်လင် လမ်းပိုင်းရှိတစ်လုံးလမ်းနှင့် ဂငယ်ကွေ့လမ်း မိုင်တိုင်အမှတ်၊ ၁၆၄/ လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့သဖြင့် ဖယ်ရှားရှင်းလင်းနေမှုကို စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် တောင်ကြီး-လွိုင်လင်လမ်းပိုင်း မိုင်တိုင်အမှတ် ၁၆၃/၃၊ ၁၆၃/၄၊ ၁၆၄/၅၊ ၁၆၆/၅၊တစ်လုံးတောင် ပတ်လမ်းနှင့် ဂငယ်ကွေ့တို့တွင် မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျရေများ တိုက်စားခဲ့သဖြင့် တောင်ပြိုခြင်း၊ လမ်းပဲ့ကျပျက်စီးခြင်း၊ သစ်ပင်များလဲခြင်းတို့ကြောင့် ပိတ်ဆို့မှုဖြစ်နေသည့်  မြေများနှင့် သစ်ပင်သစ်ကိုင်းများအား လမ်းဦးစီးဌာနနှင့် နေမင်းရောင် ဆောက်လုပ်ရေးကုမ္ပဏီလီမိတက် တို့မှ ရှင်းလင်းဆောင်ရွက်မှုကို ကြည့်ရှုစစ်ဆေး၍ ယာဉ်များပုံမှန်သွားလာနိုင်ရေး၊ ဘေးအန္တာရာယ် ကင်းရှင်းရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်ရေး စနစ်တကျဆောင်ရွက်သွားရန် မှာကြားပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(ပြည်နယ် ပြန်/ဆက်)