ဖြူး စက်တင်ဘာ ၂၃

 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံနှင့် မြို့နယ် တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်၍ ယမန်နေ့ မွန်းလွဲပိုင်းက ဥတ္တရာရုံကျောင်းတိုက်ရှိ စစ်တောင်းမြစ်အနောက်ဘက်ကမ်း ရေကြီးနစ်မြုပ်ခဲ့သည့် ကျေးရွာများမှ လာရောက်နေထိုင်သူများအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်ပေးပြီး ဆေးဝါးများလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ဖြူးမြို့နယ် (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဒုတိယဆေးရုံအုပ် ဒေါ်စိုးလက်မီ၊ ဒုတိယတိုင်းရင်းဆေးမှူးများဖြစ်သော ဒေါ်တင်နွယ်ဝင်း၊ ဒေါ်ဇင်မင်းထွန်းနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝင်းဝင်းအေးတို့သည် သွေးပေါင်ချိန်တိုင်းတာပေး၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးကာ စကြာမင်းတိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးနှင့် ထိရင်လန်းတိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးတို့မှ လှူဒါန်းသော ဒဏ်ကြေလိမ်းဆေးများ၊ ကလေးရင်လူးဆေးများ၊ အနာလိမ်းဆေးများ၊ မန်းဆေးများနှင့် ချောင်းဆိုးပျောက်ငုံဆေးပြားများ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)