နေပြည်တော်၊ စက်တင်ဘာ ၂၃
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက လက်ရှိနိုင်ငံတကာအခင်းအကျင်းများ၊ နိုင်ငံတကာလတ်တလော ဖြစ်ပေါ်တိုးတက်မှုများ၊ ပြည်တွင်းနိုင်ငံရေး အခြေအနေနှင့် မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့၏ ဦးစားပေးဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးအမှာစကားပြောကြားသည်။
မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များကအဖွဲ့၏လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများနှင့် နိုင်ငံတကာနှင့် ပြည်တွင်းရေး အခြေအနေတို့နှင့်စပ်လျဉ်း၍ အသိပညာရှင်များရှု့ထောင့်မှ ဆွေးနွေးတင်ပြခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် နိုင်ငံတကာ၊ ဒေသတွင်းနှင့် ပြည်တွင်း ဖြစ်ပေါ်တိုးတက်မှုများကို ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်


