ဘေရွတ် စက်တင်ဘာ ၂၃

 

အစ္စရေး စစ်လေယာဉ်များသည် စက်တင်ဘာ ၂၃ ရက်  နံနက်ပိုင်းတွင် ဟစ်ဇ်ဘိုလာနယ်မြေများနှင့် လက်ဘနွန်နိုင်ငံတောင်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် လေကြောင်းတိုက်ခိုက်မှု ၁၂၀ ကျော်ပြုလုပ်ခဲ့ကြောင်း လက်ဘနွန် စစ်ဘက်သတင်းရင်းမြစ်များက ပြောကြားသည်။

 

အစ္စရေးစစ်လေယာဉ်များသည် နာရီဝက်ခန့်အတွင်း လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း  လက်ဘနွန်စစ်ဘက် သတင်းရင်းမြစ်များက ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။ အစ္စရေးစစ်ဘက်သည် စက်တင်ဘာ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ကြိုးမဲ့ဆက်သွယ်ရေး ကိရိယာများကို ပစ်မှတ်ထားသည့် ဗုံးကြဲ တိုက်ခိုက်မှုများအပြီးတွင် လက်ဘနွန်နိုင်ငံရှိ ဟစ်ဇ်ဘိုလာပစ်မှတ်များကို ပြင်းထန်စွာစီးနင်း တိုက်ခိုက်ခဲ့ပြီး အနည်းဆုံး လူ ၃၇ ဦး သေဆုံး ကာ ၃၀၀၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

အစ္စရေးစစ်ဘက်နှင့် ဟစ်ဇ်ဘိုလာတို့သည် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၈ ရက်ကတည်းက အစ္စရေး-လက်ဘနွန် နယ်စပ်တစ်လျှောက် အပြန်အလှန်ပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး တစ်နှစ်နီးပါးကြာ ထိပ်တိုက်ရင်ဆိုင်မှုများသည် စစ်ပွဲကြီးအဖြစ်သို့ ပြောင်းလာမည်ကို စိုးရိမ်မှု များ မြင့်တက်လာခဲ့သည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အလင်းသစ်