တိုကျို၊ စက်တင်ဘာ ၂၃

 

ဂျပန်နိုင်ငံ နိုတိုဒေသအီရှီကာဝါစီရင်စုတွင် မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုဖြစ်ပွားခဲ့ပြီး ဒေသခံခုနစ်ဦး သေဆုံးကြောင်း ယနေ့အင်န်အိတ်ချ်ကေ သတင်းအရသိရသည်။  ၎င်းရေကြီးရေလျှံမှုဖြစ်စဉ်အတွင်း နေအိမ်အတွင်းကျန်ခဲ့ကာ ပျောက်ဆုံးနေသည့် သမီးဖြစ်သူကို ပြန်လည်ရှာဖွေတွေ့ရှိရန် မျှော်လင့်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

 

ရေကြီးရေလျှံမှုကြောင့် ဖူတီဂါဝါမြို့တွင် အိမ်လေးလုံး ရေထဲမျောပါသွားခဲ့ကာ လက်ရှိအချိန်တွင် ဂျပန်တပ်မတော်သားများ၊ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ပျောက်ဆုံးနေသူများကို ရှာဖွေနေကြောင်း သိရသည်။ ဝါဂျီမာမြို့ရှိ နာကာယာ ဥမင်လိုဏ်ခေါင်းတွင် မြေပြိုမှုဖြစ်ပွားရာ ၁၀ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

 

ဂျပန်အစိုးရအနေဖြင့် နိုင်ငံသားများ ထိခိုက်သေဆုံးမှုလျော့နည်းစေရေး ဆောင်ရွက်နေပြီး နိုင်ငံသားများဘက်မှလည်း မိုးလေဝသဆိုင်ရာ ထုတ်ပြန်ချက်များကို သတိပြုလိုက်နာကြရန်လိုအပ်ကြောင်း အစိုးရအဖွဲ့အတွင်းရေးမှူး ယိုရှီမာဆာဟာ ရာရှီက ပြောကြားသည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - စိုးသူရ