နေပြည်တော်   စက်တင်ဘာ   ၂၄

မြန်မာနိုင်ငံ၌ ချစ်ကြည်ရေးအလုပ်သဘောခရီးစဉ်ဖြင့် ရောက်ရှိနေသော ယူနန်ပြည်နယ် ဒုတိယ အုပ်ချုပ်ရေးမှူး Mr. Liu Yong ခေါင်းဆောင်သော အဖွဲ့ဝင်()ဦးပါအဖွဲ့သည် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို)ဥက္ကဋ္ဌ ဦးတင်ဦး၊ နာယက၊ ဒုဥက္ကဌ၊ အမှုဆောင်များနှင့် ယနေ့ မွန်းတည့် ၁၂ နာရီတွင် ဆီဒိုးနားဟိုတယ်၌ လာရောက် တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ယုံကြည်မှုတိုးမြှင့် တည်ဆောက်ရေး၊ အေးအတူပူအမျှ ငြိမ်းချမ်းစွာအတူတကွ ယှဉ်တွဲနေထိုင်ရေး၊ နှစ်နိုင်ငံပြည်သူချင်း ဆက်ဆံရေးကဏ္ဍတိုးမြှင့်ဖော်ဆောင်ရေးနှင့် နှစ်နိုင်ငံအကျိုးစီးပွားကို အလေးထားဖော်ဆောင်ရေးတို့ကို ဆွေးနွေးကြသည်။

 

ထို့နောက် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းက ဧည့်သည်တော်များအား ဒဂုံခန်းမ၌ နေ့လယ်စာနှင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)