နေပြည်တော် စက်တင်ဘာ ၂၄

 

နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊  တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ်၊ သစ်ခေါက်ခွကျေးရွာ အခြေခံပညာ မူလတန်းကျောင်းနှင့် သုခါရာမကျောင်းတိုက်အတွင်း၌ ရေဝင်ရောက်ပြီး တင်ကျန်နေသည့်နုန်းများ၊ သစ်ကိုင်းများနှင့် အမှိုက်များအား တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုပြီး ကျောင်းများ အမြန်ဆုံးပြန်လည်ဖွင့်လှစ် နိုင်ရေးအတွက် ကျောင်းနှင့် ကျောင်းဝန်ကျင်သန့်ရှင်းနှင့် ပြန်လည်ပြုပြင်ရန် လိုအပ်သည်များကို ပြင်ဆင်ဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် သုခါရာမကျောင်းတိုက်၌ ရေဘေးသင့်ပြည်သူများ အား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို ကြည့်ရှုအားပေးပြီး ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ရေဘေးသင့်ပြည်သူများအတွက် စားသောက်ဖွယ်ရာများ၊ လူသုံးကုန်ပစ္စည်းများနှင့် ထမင်းဘူးများ ထောက်ပံ့ပေးအပ်သည်။

 

ယင်းနောက်  လယ်ဝေးမြို့နယ် စမတောင် မဟာပရဟိတလူငယ် ဖွံ့ဖြိုးရေးဥယျာဉ်ကျောင်း ဆရာတော် အား သွားရောက်ဖူးမြော်ကြည်ညို၍ အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

(သတင်းစဉ်)