သာစည် စက်တင်ဘာ ၂၅
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ ရေဘေးဒဏ်ခံစားခဲ့ရသော တောင်ပေါ်ဒေသ မြင်းဒိုက်၊ ဆင်တောင်ခွေးရုပ်၊ ပင်မုန်းကျေးရွာများသို့ စက်တင်ဘာ ၂၄ ရက်က တာဝန်ရှိသူများသွားရောက်၍ ရေဘေးသင့်ပြည်သူများအား ဆန်၊ ရေ ရိက္ခာများ ထောက်ပံ့ပေးပြီး အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင်များ၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များသည် ဆင်တောင် - ကလော - ဆင်တောင်လမ်းရှိ (View Point) လမ်းဆုံ၌ ဆင်တောင်ကျေးရွာအုပ်စု ဆင်တောင်ကျေးရွာ ရေဘေးသင့်ပြည်သူများအား ဆန်(၂၄)ပြည် (၆)အိတ်၊ ဆီ(၃၀)ပိဿာ၊ ခေါက်ဆွဲခြောက်(၅)ဖာ၊ ရေသန့်တစ်လီတာဘူး (၁၀)ကတ်နှင့် ငါးခြောက်(၈)ပိဿာတို့ကို လည်းကောင်း၊ ခွေရုပ်ကျေးရွာ ရေဘေးသင့်ပြည်သူများအား ဆန်(၂၄)ပြည် (၄)အိတ်၊ ဆီ(၁၀)ပိဿာ၊ ခေါက်ဆွဲခြောက်(၃)ဖာ၊ ရေသန့်တစ်လီတာဘူး (၁၀)ကတ်နှင့် ငါးခြောက်(၇)ပိဿာတို့ကို လည်းကောင်း ထောက်ပံ့ပေးပြီး အားပေးစကားပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့သည် ဆက်လက်ထွက်ခွာလာပြီး လယ်ပြင်ကျေးရွာအုပ်စု ပင်မုန်းကျေးရွာ ရေဘေးသင့်ပြည်သူများအား ဆန်(၂၄)ပြည် (၃၀)အိတ်၊ ဆီ(၁၁၀)ပိဿာ၊ ခေါက်ဆွဲခြောက်(၅)ဖာ၊ ရေသန့် တစ်လီတာဘူး (၁၆)ကတ်နှင့် ငါးခြောက်(၃၀)ပိဿာ၊ ကျား/မဝတ်အထည်မျိုးစုံပါ ပီနန်အိတ်(၁၀)အိတ်နှင့် တစ်ကိုယ်ရည်သုံးပစ္စည်း (၁၁)မျိုးပါ (၁၀)ဖာတို့ကို ထောက်ပံ့လှူဒါန်းသည်။
ဆက်လက်၍ မြင်းဒိုက်ကျေးရွာအုပ်စု မြင်းဒိုက်ကျေးရွာသို့ သွားရောက်ပြီး ရေဘေးသင့်ပြည်သူများအား ဆန် (၂၄)ပြည် (၇)အိတ်၊ ဆီ(၇၀)ပိဿာ၊ ခေါက်ဆွဲခြောက်(၄)ဖာ၊ ရေသန့်တစ်လီတာဘူး (၁၀)ကတ်နှင့် ငါးခြောက်(၁၅)ပိဿာနှင့် ကျား/မဝတ် အထည်မျိုးစုံပါ ပီနန်အိတ်(၅)အိတ်တို့ကို ထောက်ပံ့ပေးပြီး အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


