နေပြည်တော် စက်တင်ဘာ ၂၅

 

ရေဘေးဒဏ်ခံစားခဲ့ရသော မွေးမြူရေးလုပ်ငန်းများအတွက် အလှူငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင်  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန နေပြည်တော် ရုံးအမှတ်(၃၆) ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ညီနောင်အသင်းမှ တာဝန်ရှိသူများ တက်ရောက်ကြ သည်။

 

အခမ်းအနားတွင် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာမြဟန် က လှူဒါန်းရ ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ကျေးဇူးတင် စကားပြန်လည် ပြောကြားသည်။

 

ထို့နောက် အလှူငွေများပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ ငွေကျပ်သိန်း (၂၀၀၀)နှင့် ငွေကျပ် သိန်း(၈၀) တန်ဖိုးရှိ တိရစ္ဆာန်အစာများ၊  မြန်မာဆန်းသီရိကုမ္ပဏီမှ ငွေကျပ် သိန်း(၆၀၀) တန်ဖိုးရှိ တိရစ္ဆာန်ကုသဆေး(၁၈)မျိုး၊ Fortune International Limited မှ ငွေကျပ်(၃၈၇ ဒသမ ) သိန်းတန်ဖိုးရှိ တိရစ္ဆာန်ဆေးနှင့် ဆေးပစ္စည်းများကို ပေးအပ်လှူဒါန်းကြရာ ဒုတိယ ဝန်ကြီးနှင့် တာဝန်ရှိသူများက လက်ခံရယူကြပြီး ဗဟိုသဘာဝဘေးဒဏ်စီမံခန့်ခွဲရေး ကော်မတီသို့ ဆက်လက် ပေးအပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)