နေပြည်တော် စက်တင်ဘာ ၂၅

 

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ပျဉ်းမနားမြို့ ဘောဂသီရိ ယာဉ်ရပ်နားစခန်းအနီး ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီးပေါ်၌ လမ်းသားများ ပေါက်ပြဲနေမှုနှင့် ပျဉ်းမနား မြို့ရှောင်လမ်း မိုင်တိုင် အမှတ်(၂၁၁/ နှင့် ၂၁၁/)အကြား လမ်းပေါက်ပြဲနေမှုအား ပြန်လည်ပြုပြင် ဆောင်ရွက်နေမှု အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လမ်းများ ရေရှည်ကောင်းမွန်စေရေး၊ သတ် မှတ်စံချိန်စံညွှန်း ပြည့်မီစေရေး မှာကြားသည်။

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် တပ်ကုန်းမြို့နယ် နေပြည်တော် - ကင်းသာ- ကိုးကွေ့ - လိန်းလီ- ပင်လောင်း လမ်းပေါ်ရှိ မိုင်တိုင်အမှတ်(/)တွင် လမ်းပေါ် ရေ ကျော်ပြီး သဲ၊ နုန်းများတင်ကျန် နေမှုအား လူအင်အား၊ စက်ယန္တရားများဖြင့် ဖယ်ရှားရှင်းလင်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး ပြည်သူများ သွားလာမှုအဆင်ပြေစေရေး၊ လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရေး၊ ရေစီး ကြောင်း မှန်ကန်စွာစီးဆင်းစေရေး အလေးထားဆောင်ရွက်ရန် မှာကြားကာ လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

ယင်းနောက် တပ်ကုန်းမြို့နယ် ပိန်းတောကျေးရွာ ပိန်းတောတောင်ကျောင်းတိုက်အတွင်း ရေကြီးရေလျှံမှု ကြောင့် တင်ကျန်ခဲ့သည့် သဲ၊ နုန်းများ၊ အမှိုက်များ စုပေါင်းဖယ်ရှား ရှင်းလင်းဆောင်ရွက်နေမှုနှင့် ပိန်းတော ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းအတွင်းရှိ သဲ၊ နုန်းများကို လူအင်အား၊ စက်ယန္တရားများဖြင့် ဖယ်ရှား ရှင်းလင်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကျောင်းအမြန်ဆုံး ပြန်လည်ဖွင့်လှစ် နိုင်ရေး လိုအပ် သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသည်။

 

ဆက်လက်၍ တပ်ကုန်းမြို့နယ် နဝင်းချောင်းကူး တံတား(ပိန်းတော) ပြုပြင်ဆောင်ရွက်ပြီးစီးမှုနှင့် ရေစီးရေလာ ကောင်းမွန်စေရေး စက်ယန္တရားများဖြင့် ဆောင်ရွက်နေမှုကို လည်းကောင်း၊ ပုဗ္ဗသီရိမြို့နယ် ပေါက်တော ကျေးရွာ အခြေခံပညာ မူလတန်းကျောင်း အတွင်းရှိ နုန်းများအား စက်ယန္တရားများဖြင့် ဖယ်ရှား ရှင်းလင်းဆောင်ရွက်နေမှုကို လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)