နေပြည်တော် စက်တင်ဘာ ၂၅

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၁ ရက်မှ ၂၅ ရက်အထိ ကျင်းပပြုလုပ်သည့် (၂၁) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ယနေ့မွန်းလွဲပိုင်းတွင် China Eastern Airlines လေကြောင်းလိုင်းဖြင့် ကူမင်းမြို့မှ ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိကြသည်။

 

ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံရုံးမှ စီးပွားရေးသံမှူး Mr. OUYANG daobing နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနများမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြ ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)