နေပြည်တော် စက်တင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် အမှတ်(၉)ရပ်ကွက် မြိုင်လမ်း အမှတ် - ၂၁၄/ခ နေထိုင်သူ မောင်စိုင်းဇော်ထိုက် အသက် (၂၆) နှစ်သည် ဇူလိုင် ၃၀ ရက်နံနက်ပိုင်းက ဆောက်လုပ် ရေးလုပ်ငန်းခွင်၌ သံဖြတ်စက် Cutter ထိခိုက်မိရာမှ ညာဘက် လက်မ ပြတ်တောက်သွားသည့် ဒဏ်ရာ (Right Thumb Trauma-tic Amputation) ဖြင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ ၁၁ နာရီ မိနစ် ၅၀ တွင် ရောက်ရှိလာရာ အဆိုပါလူနာ၏ ပြတ်တောက်သွားသော ညာဘက်လက်မအား ပြန်လည်ဆက်ပေးသည့် ခွဲစိတ်ကုသမှု (Thumb Replantation)ကို ည ၇ နာရီ ၃၅ မိနစ်တွင် စတင် ခဲ့ပြီး ည ၁၁ နာရီ ၃၅ မိနစ်တွင် ခွဲစိတ်မှုအောင်မြင်စွာ ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
တွင် ရှိသည့်အတွက် အဆိုပါလူနာအား ဩဂုတ် ၁၂ ရက် (ခွဲစိတ်ပြီး ၁၃ ရက်မြောက်နေ့)တွင် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီး ပုံမှန်ပြင်ပလူနာအနေဖြင့် ဆေးရုံရက်ချိန်းဖြင့် ဆက်လက်စောင့်ရှောက် ကုသပေးလျက်ရှိရာ (ခွဲစိတ်ပြီး ၂၈ ရက်မြောက် နေ့)တွင်လည်း ဆက်ထားသောလက်မ၏ အခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်


