နေပြည်တော် စက်တင်ဘာ ၂၅

 

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက်တွင် ကျင်းပမည့် အပြည်ပြည်ဆိုင်ရာသဘာဝဘေး အန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ်အဖြစ် ဘေးအန္တရာယ်ကြံ့ကြံ့ခံနိုင်ရေး လူငယ် စွမ်းအားမြှင့်တင်ရေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် လူမှုရေး အသင်းအဖွဲ့များမှ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက သင်တန်းတွင် သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင် ပြင်ဆင်ခြင်း၊ ကြိုတင်ကာကွယ်ခြင်း၊ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ခြင်း၊ ပြန်လည်ထူ ထောင်ခြင်းကဏ္ဍများ အလိုက် အသိပညာ၊ အတွေ့အကြုံများရရှိစေရန်နှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုတွင် လူငယ်များ၏ အခန်းကဏ္ဍများ သိရှိစေရန်ပို့ချသွားမည်ဖြစ်ကြောင်း၊ တက်ရောက်သူများအနေဖြင့် ရရှိလာမည့် အသိပညာ ဗဟုသုတများကို ပြန်လည်မျှဝေ၊ အသုံးချခြင်းဖြင့် မိမိအကျိုး၊ အများအကျိုး၊ မိမိနိုင်ငံ၊ ပတ်ဝန်းကျင်နှင့် လူသားအားလုံးအတွက် ကြိုးစားဆောင်ရွက်ကြစေလိုကြောင် ပြောကြား သည်။

 

အဆိုပါ သင်တန်းသို့  ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးတို့ရှိ အရပ်ဘက်လူမှုရေးအသင်းအဖွဲ့များမှ လူငယ်သင်တန်းသား၊ သင်တန်းသူ ၃၀ တက်ရောက်ပြီး သင်တန်းကာလမှာ ၂၀၂၄ ခုနှစ် စက်တင်ဘာ၂၅ ရက်မှ ၂၇  ရက်အထိ ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)