‌ နေပြည်တော် စက်တင်ဘာ ၂၆
ရေဘေးဒဏ်ခံစားရသောဒေသများအတွက် အလှူငွေပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ငွေကျပ် (၆၀၃၀၀၀၀)၊ Royal Shambella Co,Ltd မှ ငွေကျပ်သိန်း (၁၀၀)၊ စုစုပေါင်းငွေကျပ် (၁၆၀၃၀၀၀၀) ပေးအပ်လှူဒါန်းခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်