နေပြည်တာ် စက်တင်ဘာ ၂၇

 

မြေအသုံးချမှုဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ အဋ္ဌမအကြိမ်အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင်  ညွှန်ကြားရေးမှူးချုပ်ရုံး အင်ကြင်းခန်းမ၌ ကျင်းပရာ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဌာနဆိုင်ရာ ကိုယ်စားလှယ်များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ တောင်သူလယ်သမား ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံကုန်သည်များ၊ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သောင်းနိုင်ဦးက အမှာစကားပြောကြားပြီး မြေအသုံးချမှုဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့အတွင်း ရေးမှူးက နည်းပညာအကြံပေးအဖွဲ့၏ လုပ်ငန်းအကောင်အထည်ဖော်မှုနှင့် အစည်းအဝေး ဆုံးဖြတ်ချက်ကိုလည်းကောင်း၊ မြန်မာနိုင်ငံ အမျိုးသားမြေပုံစနစ် ရေးဆွဲအကောင်အထည်ဖော်ရေး လုပ်ငန်း ကော်မတီကိုယ်စားလှယ်က မြေပုံစနစ်ရေးဆွဲ အကောင်အထည်ဖော်မှုလုပ်ငန်းများ ဆောင်ရွက် နေမှု၊ ခေတ်ကာလ မြေပြင်အခြေအနေများကိုအခြေခံ၍ ဥပဒေချင်းဝိရောဒိမဖြစ်ရေး ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် အမျိုးသားမြေအသုံးချမှုမူဝါဒပါ လမ်းညွှန်ချက်များနှင့် အညီဖြစ်ရေးနှင့် လုပ်ငန်းများ တိုးတက်ရေး  TOR များ အကောင်အထည်ဖော်နိုင်ရေးတို့အတွက် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများ ကို ရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများက ကဏ္ဍအလိုက် ဝိုင်းဝန်းအကြံပြု  ဆွေးနွေးခဲ့ကြ ကြောင်း သိရှိရသည်။

(သတင်းစဉ်)