ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏၂၀၂၄ ခုနှစ် တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပပြုလုပ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  တက်ရောက်၍  ရတနာတန်းဝင်ကျွန်းပင် ဦးဆောင်စိုက်ပျိုးပေး

 

နေပြည်တော် စက်တင်ဘာ  ၂၇

 

သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းနိုင်စေရန်နှင့် ရာသီဥတုကို အထောက်အကူဖြစ်စေရန်၊ အရိပ်အာဝါသ ရရှိစေရန်၊ နိုင်ငံ့စီးပွားရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်  ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် တိုင်းစစ်ဌာနချုပ် အသီးသီးတို့တွင် ၂၀၁၁ ခုနှစ်မှစ၍ နှစ်စဉ် မိုးရာသီ တစ်အုပ်တစ်မ  သစ်ပင်စိုက်ပျိုးပွဲများ ကျင်းပပြုလုပ်လျက်ရှိသည်။

 

ဦးဆောင်စိုက်ပျိုးပေး

ယနေ့တွင် ၂၀၂၄ ခုနှစ် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ တတိယအကြိမ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲအခမ်းအနားကို နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းဆည်အနီး၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍  ရတနာတန်းဝင်ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။

 

အဆိုပါ      အခမ်းအနားသို့ နိုင်ငံတော်      စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ      တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏  ဇနီး ဒေါ်ကြူကြူလှ၊   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး   (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ  အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ နိုင်ငံတော်ကာကွယ် ရေးတက္ကသိုလ်မှ  သင်တန်းသား အရာရှိကြီးများ၊  ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)ရှိ   ရုံးဌာနအသီးသီးမှ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင်  သစ်ပင် သစ်တောများရှိခြင်းသည် မိမိတို့နေထိုင်သည့် ပတ်ဝန်းကျင်သာယာလှပမှုကို ဖြစ်ပေါ်စေပြီး လူနှင့်        သက်ရှိတို့အတွက် ကောင်းကျိုးများကို ရရှိကြောင်း၊ ထို့ကြောင့် ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ နှင့် တိုင်းစစ်ဌာနချုပ်အသီးသီးတွင်    မိုးရာသီတစ်အုပ်တစ်မ သစ်ပင်စိုက်ပျိုးပွဲများကို   နှစ်စဉ် ပြုလုပ်၍   စိုက်ပျိုးနေခြင်းဖြစ် ကြောင်း၊   သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောထိန်းသိမ်းခြင်းလုပ်ငန်းများကို အမျိုးသား ရေးလုပ်ငန်းစဉ်အဖြစ် စဉ်ဆက်မပြတ် ဆက်လက် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

 

စနစ်တကျထိန်းသိမ်း

လက်ရှိကာလတွင် ကမ္ဘာတစ်ဝန်း၌ ရာသီဥတုဖောက်ပြန်မှု များကြောင့် မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊   လေပြင်း တိုက်ခတ်ခြင်း စသည့်  သဘာဝဘေးဒဏ်များ မကြာခဏကြုံတွေ့နေကြရသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်မှုကိုရှောင်လွှဲ၍   ရနိုင်မည်မဟုတ်သော်လည်း ထိခိုက်ပျက်စီးမှု အနည်းဆုံး    ဖြစ်စေရေးအတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ခြင်း၊    သစ်ပင်စိုက်ပျိုးခြင်း၊   သစ်တောများကို စနစ်တကျ ထိန်းသိမ်းခြင်းတို့ဖြင့် ကြိုတင်ကာကွယ်မှုများကို ပြုလုပ်နိုင်ကြောင်း။

 

၂၀၂၃  ခုနှစ် မိုခါမုန်တိုင်း တိုက်ခတ်ပြီးချိန်တွင်  ပျက်စီးမှု အများဆုံးကြုံတွေ့ခဲ့ရသည့်  ရခိုင်ပြည်နယ်နှင့် ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့သည့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတို့တွင် လိုအပ်သည့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန် လမ်းညွှန်မှာကြားမှုများ   ဆောင်ရွက်ခဲ့ကြောင်း၊    ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ ရှေးဟောင်းဘုရား၊ စေတီပုထိုးများသည် အဖိုးမဖြတ်နိုင်သည့် အမွေအနှစ်များဖြစ်ပြီး အစားထိုး၍မရနိုင်ကြောင်း၊ ထို့ကြောင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း ရေဝင်ရေထွက်ကောင်းမွန်စေရေး၊ ရေစီးရေလာ        ကောင်းမွန်စေရေးနှင့် စိမ်းလန်းစိုပြည်ရေးတို့အတွက် ရှေးဟောင်းရေကန်များပြန်လည် တူးဖော်ခြင်း၊ ရေထုတ် စနစ်များ ဖော်ဆောင်ပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်စေခဲ့ကြောင်း၊ ယင်းသို့ ဆောင်ရွက်ခဲ့သဖြင့် ယခု မိုးသည်းထန်စွာ    ရွာသွန်းခဲ့ချိန်တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ ထိခိုက်ပျက်စီးမှုနည်းပါးခဲ့ခြင်းဖြစ်ပြီး လိုအပ်သည့်ကြိုတင် ပြင်ဆင်မှုများကို စနစ်တကျ ဆောင်ရွက်ခြင်း၏  အကျိုးရလဒ်ကို သာဓကအဖြစ် တွေ့မြင်နိုင် ကြောင်း။

 

ရေကြီးရေလျှံမှုဖြစ်ပေါ်

မိမိတို့နိုင်ငံရှိ မြစ်ချောင်းများ၏ မြစ်ဖျားပိုင်းနှင့် အထက်ပိုင်း များ၌ရွှေနှင့်  သတ္တုတူးဖော်ခြင်း၊ မြစ်ကမ်းနံဘေးရှိ   သစ်များအား အလွန်အကျွံခုတ်ယူခြင်းများကြောင့် သဲနုန်းများရေစီးကြောင်းအတိုင်း တဖြည်းဖြည်းစီးဆင်း ဝင်ရောက်လာကာ  သောင်ထွန်းခြင်းများနှင့် Bed Level မြင့်တက်ခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ရေလမ်း ကြောင်းထိန်းသိမ်းမှု အားနည်းခြင်းများကြောင့် မြစ်ချောင်းများအတွင်း သဲနုန်းများပို့ချမှု များပြားလာခြင်းသည်  ရေကြီးရေလျှံမှုများကို ပိုမိုဖြစ်ပေါ်စေကြောင်း။

 

မကြာမီက  ဖြစ်ပေါ်ခဲ့သည့် မိုးသည်းထန်စွာ   အဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် တောင်ကုန်းတောင်တန်းများပေါ်မှ တောင်ကျ ချောင်းရေများ   အရှိန်အဟုန်ဖြင့် စီးဆင်းမှုဖြစ်ပေါ်ခဲ့ပြီး ရေစီးဆင်း ရာလမ်းကြောင်းများတစ်လျှောက် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊  မိမိတို့ နိုင်ငံတွင် မိုးကြောင့်ဖြစ်ပေါ်ခဲ့သည့် သဘာဝ ဘေးများအနက်  အဆိုးဆုံးထိခိုက် ပျက်စီးမှု ကြုံတွေ့ခဲ့ရခြင်းပင်ဖြစ်ကြောင်း၊   သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောများကို    စနစ်တကျ ထိန်းသိမ်းခြင်းဖြင့် အရှိန်အဟုန် ဖြင့်  ရေစီးဆင်းမှုကို   အထိုက်အလျောက လျှော့ချနိုင်မည် ဖြစ်သကဲ့သို့    ရေစီးကြောင်းနှင့်အတူ    မျောပါလာသည့်     သစ်လုံး ကြီးများကိုလည်း တားဆီးနိုင်မည် ဖြစ်ကြောင်း။

 

သစ်တောတစ်ခုကို    ဖန်တီး မည်ဆိုပါက အနည်းဆုံး ဆယ်နှစ် နှင့်အထက်  ကြာမြင့်မည်ဖြစ်ပြီး မိမိတို့ယခုကဲ့သို့  သစ်ပင်စိုက်ပျိုး ခြင်းကြောင့်ရရှိလာမည့်   အကျိုးရလဒ်ကို      နောင်အနာဂတ် မျိုးဆက်သစ်များက   ခံစားကြရ မည်ဖြစ်ကြောင်း၊ နှစ်ရှည်ပင်များသည်   ချက်ချင်းအကျိုးမပြုနိုင်သော်လည်း နောင်မျိုးဆက်သစ် များအတွက်      များစွာအကျိုး ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သစ်ပင်များစိုက်ပျိုးရာ တွင် “တစ်ပင်စိုက်လျှင် တစ်ပင် ရှင်ရမည်” ဆိုသည့်အတိုင်း ရှင်သန်အောင် စိုက်ပျိုးသွားကြရန်နှင့် ရေရှည်ဆက်လက်ကြီးထွားလာစေရေး       တာဝန်ရှိသူများက စဉ်ဆက်မပြတ်      ဆက်လက် ထိန်းသိမ်းသွားရန်   လိုကြောင်း မှာကြားသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့သည်   နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ  ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ နိုင်ငံတော်ကာကွယ် ရေးတက္ကသိုလ်မှ   သင်တန်းသား အရာရှိကြီးများ၊   အခမ်းအနား တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်မိသားစုများနှင့် အတူ သတ်မှတ်နေရာ အသီးသီးတွင် သစ်ပင်များကို အတူတကွစုပေါင်း စိုက်ပျိုးကြသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များ သည် အရာရှိ၊ စစ်သည်မိသားစုများ၏ စုပေါင်းသစ်ပင်   စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှု အားပေးကြသည်။

 

၂၀၁၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်  တတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲအထိ

ရေဆင်းဆည်ပတ်ဝန်းကျင်၌  ရတနာတန်းဝင်ပင်၊ နှစ်ရှည် သီးနှံပင်နှင့်

အရိပ်ရလေကာပင် စုစုပေါင်း ၂၀၁၂၂၅ ပင်အား စိုက်ပျိုးခဲ့ပြီးဖြစ်

ယနေ့ပြုလုပ်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ တတိယအကြိမ်သစ်ပင် စိုက်ပျိုးပွဲတွင်    ရတနာ တန်းဝင်ကျွန်းပင်၉၀၀၊ မဟော် ဂနီပင် ၆၀၀၊ ပျဉ်းကတိုးပင် ၃၀၀၊ ပိတောက်ပင်   ၆၀၀   စုစုပေါင်း အပင်  ၂၄၀၀ ကို     စုပေါင်းစိုက်ပျိုး ခဲ့ကြသည်။ ရေဆင်းဆည်ပတ်ဝန်း ကျင်၌  သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ် ထိန်းသိမ်းရေးအတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများအနေဖြင့် ၂၀၁၁ ခုနှစ်မှ ၂၀၂၄ ခုနှစ် တတိယ အကြိမ်  သစ်ပင်စိုက်ပျိုးပွဲအထိ သစ်ပင်စိုက်ပျိုးပွဲတော် စုစုပေါင်း (၄၁)ကြိမ်ကျင်းပပြုလုပ်၍ ရတနာ တန်းဝင်ပင်၊ နှစ်ရှည်သီးနှံပင်နှင့် အရိပ်ရလေကာပင် စုစုပေါင်း ၂၀၁၂၂၅ ပင်အား စိုက်ပျိုးခဲ့ပြီးဖြစ်သည်။

 

တပ်မတော်တစ်ရပ်လုံးအနေဖြင့် ယနေ့တွင်

စုစုပေါင်းသစ်ပင် ၂၂၁၅၇၃  ပင်ကို စုပေါင်းစိုက်ပျိုးပေးနိုင်ခဲ့

အလားတူ တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီး၌လည်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများ    ကျင်းပ၍ ရတနာတန်းဝင်ပင်၊     စက်မှု ကုန်ကြမ်းသီးနှံပင်၊    နှစ်ရှည် စားသုံးသီးနှံပင်၊ အရိပ်ရလေကာ ပင်များကို စုပေါင်းစိုက်ပျိုးကြရာ တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်၌ ၉၂၆၅ ပင်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၌ ၉၈၅၄ ပင်၊ အရှေ့ ပိုင်းတိုင်း စစ်ဌာနချုပ်၌  ၁၁၇၀၉ ပင်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ပင် ၂၂၆၃၀၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ်၌ ၂၅၆၈၅ ပင်၊ အရှေ့တောင်တိုင်း   စစ်ဌာနချုပ်၌ ၁၀၈၃၀ ပင်၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်၌   ၂၄၆၁၅ ပင်၊ ရန်ကုန်တိုင်း       စစ်ဌာနချုပ်၌ ပင် ၂၂၉၆၉၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်၌    ၁၀၉၁၆   ပင်၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်၌ ၉၅၁၅ ပင်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်၌ ၁၂၈၈၇ ပင်၊ အလယ် ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၃၀၉၅၉ ပင်နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၁၇၃၃၅ ပင်တို့ကို တိုင်းမှူး များနှင့်     တာဝန်ရှိသူများက စုပေါင်း စိုက်ပျိုးခဲ့ကြပြီး   ယနေ့ တွင်    တပ်မတော်အနေဖြင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုဝင် များအပါအဝင်၊ တိုင်းစစ်ဌာနချုပ်အသီးသီး နှင့်တပ်ရင်းတပ်ဖွဲ့များ၌ စုစုပေါင်း သစ်ပင် ၂၂၁၅၇၃ ပင်ကို စိုက်ပျိုးခဲ့ ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်