ကလော စက်တင်ဘာ ၂၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့တွင် ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီး၊ ရေလျှံမှု ဖြစ်ပွားခဲ့ရာ ပြန်လည်ထူထောင်လုပ်ငန်းများကို နေ့စဉ်အရှိန်အဟုန်မြှင့်လုပ်ဆောင်လျက်ရှိပြီး စက်တင်ဘာ ၂၇ ရက်တွင် ကလောချောင်း ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်နေမှုကို ကလောတပ်နယ်မှူးနှင့် တာဝန်ရှိသူများက ရေနှစ်မြုပ်ခဲ့သည့် ရပ်ကွက်အတွင်းရှိ လမ်းများ၊ အများပြည်သူ အပန်းဖြေအနားယူကြသည့် မောမြေဦးပန်းခြံတို့တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာနေဒေသခံပြည်သူများ ပူးပေါင်း၍ ရွှံနွံ၊ အမှိုက်များအား စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ကလောချောင်းအား ရေကြီး၊ ရေလျှံမှုမဖြစ်ပေါ်စေရေးအတွက် ချောင်းအား နဂိုမူလအတိုင်း ပြန်လည်စီးဆင်းရေးနိုင်ရေး နုန်းမြေနှင့် အမှိုက်များဆည်ယူခြင်းတို့ကို စက်ယာဉ်ယန္တရားတို့ဖြင့် ဆောင်ရွက်နေမှုလည်းကောင်း၊ ကလောမြို့ သောက်သုံးရေလုံလောက်စွာရရှိစေရေးအတွက် ရေပေးဝေသည့် ရေအေးကန်ဆည်သို့ သွားရောက်၍ တမံကြံ့ခိုင်မှုအခြေအနေများ၊ ရေစစ်ကန်လည်ပတ်မှု အခြေအနေများ၊ စည်ပင် သာယာရေးဌာနမှ Total Station တိုင်းတာ၍ ရေပိုက်လိုင်း Level Profile တိုင်းတာနေမှုများအား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


