နေပြည်တော် ၄ မတ်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၀) ရက်မြောက်နေ့တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးအေးနိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မဲဆန္ဒနယ်၏ မိသားစုဝင် (၉)ဦး၊ ဦးလဂန်ဇယ်ဂျုံး၊ ဝိုင်းမော်မဲဆန္ဒနယ်၏ မိတ်ဆွေများဖြစ်သည့် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ လော်ဝေါ်နှစ်ခြင်းအသင်းတော်မှ လူငယ်များ (၄၁)ဦး၊ ဦးအေးမင်းအောင်၊ ပေါင်းတည်မဲဆန္ဒနယ်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီဝင်များနှင့် မဲဆန္ဒရှင်ပြည်သူများ (၅၂)ဦး၊ ဦးကျော်စိုး၊ ဗန်းမောက်မဲဆန္ဒနယ်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီဝင်များ (၅၄)ဦးနှင့် ဦးစိုးပိုင်ဌေး၊ မြိတ်မဲဆန္ဒနယ်၏ မိတ်ဆွေများဖြစ်သည့် မြိတ်မြို့၊ မြင့်မိုရ်ပုဂ္ဂလိကကျောင်းမှ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ (၉၉)ဦး စုစုပေါင်း (၂၅၅)ဦးတို့သည် ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ တက်ရောက်လေ့လာပြီး လွှတ်တော်အဆောက်အအုံများကို လေ့လာကြည့်ရှုခဲ့ကြသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး စတင်ကျင်းပသည့်နေ့ရက်မှ ယနေ့အထိ ပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာသည့် ဧည့်သည် စုစုပေါင်းမှာ ပြည်တွင်းဧည့်သည် ၄၈၄၁၉ ဦးနှင့် ပြည်ပဧည့်သည် ၂၀၈၀ ရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)