နေပြည်တော် စက်တင်ဘာ ၂၈
(၆၀) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းထွေး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးနိုင်၊ မြို့မရဲစခန်းမှူး ဒုတိယရဲမှူးမျိုးခိုင်၊ ယာဉ်ထိန်းတပ်ဖွဲ့စု (၆၁) မှ ဒုတိယရဲမှူး ဇော်လင်းထွန်း၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့မှ ဒုတိယရဲမူး ထွန်းထွန်းဝင်းနှင့် ရဲတပ်ဖွဲ့ဝင်အင်အား (၅၅) ဦးတို့သည် ယနေ့နံနက်ပိုင်းတွင် တိုက်ကြီးမြို့နယ် မင်္ဂလာရပ်ကွက် ရန်ကုန် - ပြည်လမ်းဘေးရှိ မစိုးရိမ်ဘုန်းတော်ကြီးကျောင်းဝန်း အတွင်းအပြင်ရှိ သစ်ပင်သစ်ကိုင်းနှင့် ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်သရိုက်များ ရှင်းလင်းခြင်းနှင့် ဘုရားစေတီရင်ပြင် သန့်ရှင်းသာယာလှပေးရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်


