ဖြူး - စက်တင်ဘာ ၂၉

 

၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင်ကျရောက်မည့်နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကိုကြိုဆို ဂုဏ်ပြုသောအားဖြင့်ပြည်သူ့ အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ စက်တင် ဘာလ(၂၉)ရက်နေ့၊ နံနက်ပိုင်းက ဖြူးမြို့မရဲစခန်းမှ ဖြူးဘိုးဘွားရိပ်သာတွင် ဒုတိယအကြိမ် ကုသိုလ်ကောင်းမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဖြူးမြို့မရဲစခန်းမှ စခန်းမှူး၊ ဒုတိယရဲမှူး အောင်လင်းဦးဆောင်၍ ရဲတပ်ဖွဲ့ဝင်များသည် ဖြူးဘိုးဘွားရိပ်သာတွင်ရှိသော အဘိုး၊ အဘွား(၄၀)ဦးအားနေ့လယ်စာနှင့် ညနေစာ ကုသိုလ်ပြုကျွေးမွေးခြင်း၊ ဘိုးဘွားရိပ်သာအတွင်းအပြင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးခြင်းများကိုဆောင်ရွက်ခဲ့ကြောင်းသိရသည်။

 

နေမျိုးလွင် (ပြန်/ဆက်)