နေပြည်တော်  ၄  မတ် 

 

ပြည်သူပူးပေါင်းပါဝင်၍ လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်- CMRS ဖြင့် သတင်းပေးချက်အရ မန္တလေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၂၈ ရက်တွင် ပုသိမ်ကြီးမြို့နယ်၊ ဆည်တော်လေး ကျေးရွာအုပ်စု၊ ဆည်တော်လေးကျေးရွာရှိ ခြံဝန်းတစ်ခုအတွင်းမှ တရားမဝင် ကျွန်း/ပိတောက်/ သစ်ယာ/ပျဉ်းကတိုး ခွဲသား စုစုပေါင်း (၁၇၉၈)ချောင်း၊ ၁၁ ဒသမ ၉၇၅၀ တန်အား ပြစ်မှုကျူးလွန်သူ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ 

 

အလားတူ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ၊ လက်ပံတန်းဦးစီးအရာရှိတို့ ဦးဆောင်သော သစ်တော ဝန်ထမ်းများအဖွဲ့နှင့် နယ်မြေခံတပ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်း အဖွဲ့သည် မတ် ၃ ရက် တွင် သာယာဝတီမြို့နယ်၊ မြောက်ဇာမရီ ကြိုးဝိုင်းအတွင်းသို့ ဝင်ရောက်စစ်ဆေးရာ တရားမဝင် ကျွန်းသစ်  ၈ ဒသမ ၂၂၆ တန်အား ပိုင်ရှင်မဲ့ဖမ်းဆီး ရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

 

မောင်လူမော်

 

342019