နေပြည်တော်   အောက်တိုဘာ 

နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ   နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

 

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊      ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊  နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊   ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီး ရေးရာနှင့် ဆက်စပ်အဖွဲ့အစည်းများ၊   မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်နှင့်  ရဲတပ်ဖွဲ့ဝင်များ၊  အငြိမ်းစား ရဲအရာရှိကြီးများ၊     အနုပညာရှင်များနှင့်   တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ကြိုဆိုနှုတ်ဆက်

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးနှင့် အခမ်းအနား တက်ရောက်လာကြ သူများအား  တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

 

ဂုဏ်ပြုညစာကိုအတူတကွသုံးဆောင်

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးနှင့် အခမ်းအနားတက်ရောက် လာကြသူများသည် ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ကြသည်။

 

အနုပညာရှင်များကသီဆိုကပြဖျော်ဖြေ

ဂုဏ်ပြုညစာ    မသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ရဲတီးဝိုင်းနှင့် ဖျော်ဖြေရေးဌာနခွဲမှ တပ်ဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာနမှ အနုပညာရှင်များ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များ၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီ တေးဂီတအဖွဲ့မှ   အနုပညာရှင်များက တေးသံသာများဖြင့် သီဆိုကပြဖျော်ဖြေကြသည်။

 

ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်

ဂုဏ်ပြုညစာ သုံးဆောင်အပြီးတွင် သီဆိုတီးမှုတ်ဖျော်ဖြေခဲ့ကြသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲတီးဝိုင်းနှင့် ဖျော်ဖြေရေး ဌာနခွဲအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဂုဏ်ပြုပန်းခြင်းနှင့်  ဂုဏ်ပြုဆုငွေများကို   ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်