အောက်တိုဘာ ၂
အာဖဂန်နစ္စတန်နိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများဖြစ်ပွားသဖြင့် ၁၃ ဦးထက်မနည်းသေဆုံးပြီး အခြား ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားသဘာဝဘေးအာဏာပိုင်အဖွဲ့မှတာဝန်ရှိသူတစ်ဦးက ယမန်နေ့နှောင်းပိုင်းက ပြောသည်။
ဂါဇီ၊ လာ့ရှ်မန်၊ နာဂါဟာ၊ ဖာရတ်၊ ပါ့ခ်တီရာ၊ ဘတ်ဂစ်၊ ဟီရတ်နှင့် ဒေကူဒီပြည်နယ်တို့တွင် လွန်ခဲ့သော ၁၀ ရက်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့သည်ဟု ထိုအာဏာပိုင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
အဆိုပါပြည်နယ်များတွင် ဒေသခံနေအိမ် ၁၀၉ လုံးမှာ လုံးဝ သို့မဟုတ် တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ပြီး လယ်မြေဧက ၆၅၀ နီးပါး ရေစီးနှင့်မျောပါသွားသည်ဟု ၎င်းကဆိုသည်။
မိုးရွာသွန်းမှုကြောင့်ဖြစ်ပေါ်သောမတော်တဆမှုများဖြစ်ပွားခဲ့ရာ လူ ၄၀၀ ကျော် သေဆုံးခဲ့ပြီး အခြားထိခိုက်ဒဏ်ရာရရှိသူ ရာနှင့်ချီရှိကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို